. အသတ် အသံ အချီ အချ
ဂရု နှင့် လဟု
************
မြန်မာကာရန်ကဗျာ ရေးသား
နေသော ရေးသားလိုသော ပုဂ္ဂိုလ်တို့
အနေဖြင့် ကာရန်ညီစွာ ရေးဖွဲ့နိုင်ရန်
အသတ် အသံ(ကာရန်) အချီ အချ
ဂရု နှင့် လဟု တို့ကို အထိုက်အလျှောက်
နားလည် သဘောပေါက်ထားသင့် ပေ
သည်။အချို့သောသူများက ''က'' သတ်
သံနှင့် ''တ''သတ် သံကို ကာရန်တူ ယူ
၍ ရေးဖွဲ့ကြသည်များကို တွေ့ရပေသည်။
*အသတ်
မြန်မာစာတွင် အသတ်ဆယ်ပါး
ရှိပါသည်။
၁. က သတ် ( ကက် စက် တက် )
၂. င သတ် ( စင် တင် ဝင် )
၃. စ သတ် ( သစ် စစ် ရစ် )
၎. ည သတ် ( မည် စည် တည် )
၅. တ သတ် ( သတ် နတ် တတ် )
၆. န သတ် ( ကန် ပန် ဆန် )
၇. ပ သတ် ( ခပ် စပ် တပ် )
၈. မ သတ် ( စမ် နမ် ယမ် )
၉. ယ သတ် ( နယ် ဝယ် မယ် )
၁၀. ဝ သတ် ( သော်ဝ် )
ယခုအခါတွင် ''ဝ''သတ် ရေးသား
မှုမှာ ကွယ်ပျောက်သလောက် ဖြစ်နေပေ
ပြီ။ ယင်းဖော်ပြပါ ဆယ်ပါးသည် မြန်မာစာ
စစ်စစ်၏ အသတ်များဖြစ်သည်။ ပါဠိ ပုဒ်
ပျက် အသတ်များစွာ ရှိသေးသည်။
မဂ္ဂ မှ မဂ်
ပဒ မှ ပုဒ်
ထေရ မှ ထေရ် ကဲ့သို့သော
အရေးအသားများ ဖြစ်သည်။
* အသံ
မြန်မာစာတွင် အသံ ၆၄ ပါး
ရှိသည်။ ယင်းကိုပင် ကာရန် ၆၄ ပါး
ဟုလည်း ခေါ်သည်။ ထိုအသံ ၆၄ ပါးကို
အုပ်စု လေးစု ခွဲကာ ပကတိသံလေးမျိုး
ဟု ခွဲ လိုက်ပါသည်။ယင်း လေးမျိုးမှာ
( က ) တက်သံ
( ခ ) သက်သံ
( ဂ ) နိမ့် သံ
( ဃ ) တိုင်သံ တို့ ဖြစ်သည်။
( က ) တက်သံ ၁၈ ပါး
အာ အီ အူ အေ အော် အင်
အဉ် အည် အန် အိန် အုန် အမ်
အိမ် အုမ် အယ် အိုင် အောင် အို
( ခ ) သက်သံ ၁၈ ပါး
အ အိ အု အေ့ အော့ အင့်
အဉ့် အည့် အန့် အိန့် အုန့် အမ့်
အိမ့် အုမ့် အယ့် အိုင့် အောင့် အို့
( တနည်း အောက်မြစ် သံများ )
( ဂ ) နိမ့် သံ ၁၈ ပါး
အား အီး အူး အေး အေား အင်း
အဉ်း အည်း အန်း အိန်း အုန်း အမ်း
အိမ်း အုမ်း အယ်း အိုင်း အောင်း အိုး
( တနည်း ဝစ္စပေါက် သံများ )
( ဃ ) တိုင်သံ ၁၀ ပါး
အက် အောက် အိုက် အစ် အပ်
အိပ် အုပ် အတ် အိတ် အုတ်
. . . . ..စသည်ဖြင့် ပကတိသံအားဖြင့်
လေးမျိုး အသံ (ကာရန် ) အားဖြင့်
၆၄ ပါး ဖြစ်သည်။
ယင်းတို့တွင်မပါဝင်သော်လည်း
အသံတူ များရှိသေးသည်။
အူး နှင့် ဦး
အယ်း နှင့် အဲ
အော နှင့် သြ
အိ နှင့် ဣ
အည့် နှင့် ဧည့်
အော် နှင့် သြော် ကဲ့သို့သော စကား
လုံးများသည် အသံတူ ကာရန်တူများ
ဖြစ်သည်။
* အချီ နှင့် အချ
မြန်မာ ကာရန်ကဗျာများ
ရေးဖွဲ့စပ်ဆိုရာတွင် ချီသံ နှင့် ချသံ ဟု
ခွဲခြား သုံးစွဲ လေ့ ရှိသည်။
ချီသံ သည် အသံကို ဆွဲငင်၍
လည်းကောင်း အသံကိုမြှင့်၍ လည်းကောင်း ဆို၍ ရသော အသံ မျိုး
ဖြစ်သည်။အထက်တွင် ဖော်ပြထားသော
ပကတိသံ လေးမျိုးမှ တက်သံ (၁၈ ) ပါး
သည် ချီသံများ ဖြစ် ပေသည်။
ချသံ သည်အသံကို နိမ့်ကျသွား
အောင် အသံပြတ်အောင် သီဆိုရသော
အသံမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ
ပကတိသံ လေးမျိုးမှ သက်သံ နိမ့်သံ
တိုင်သံ စုစုပေါင်း အသံ ၄၆ ပါးသည်
ချသံ များ ဖြစ်ပေသည်။
* ဂရု နှင့် လဟု
ဂရု သံ ဆိုသည်မှာ နုတ်
ဖြင့် ရွတ်ဆိုသောအခါ အသံမြည်မြည်
ဟိန်းဟိန်း ထွက်သော အသံ ဖြစ်သည်။
ဒီဃ ဟုလည်း ခေါ်သေးသည်။အထက်
ဖော်ပြပါ ပကတိသံ လေးပါးမှ တက်သံ
နှင့် နိမ့်သံ စုစုပေါင်း ၃၆ ပါးသည်
ဂရုသံ များ ဖြစ်သည်။
လဟု သံ ဆိုသည်မှာ နုတ်ဖြင့်
ရွတ်ဆိုသောအခါ သံတို သံပြတ် အသံ
သေး ထွက်သော အသံများဖြစ်သည်။ ရဿ ဟုလည်း ခေါ်သေး သည်။
ပကတိသံလေးပါမှ သက်သံ နှင့် တိုင်သံ
စုစုပေါင်း ၂၈ ပါးသည် လဟုသံများ
ဖြစ်သည်။
မြန်မာ ကာရန်ကဗျာများ ရေးဖွဲ့
ရာတွင် သူ့ကဗျာ အမျိုးအစား အလိုက်
အခြေခံ စည်းကမ်းသတ်မှတ်ချက်များ
ရှိပေသည်။ထိုစည်းကမ်းများထဲတွင် ချီသံ
ဖြင့် စပါ ။ အခံပိုဒ်၏ မည်သည့်နေရာတွင်
ဂရု ခံပါ သို့မဟုတ် လဟု ခံပါ စသည်ဖြင် ပါဝင်သည်။
ကဗျာရေးဖွဲ့သူသည် ဖော်ပြပါ
စည်းကမ်းချက်ကို မလိုက်နာဘဲ ချီသံ
ဖြင့်စရမည့်နေရာတွင် ချသံဖြင့်လည်းကောင်း ဂရု နေရာတွင်
လဟု။ လဟု နေရာတွင် ဂရု ထား
ရေးဖွဲ့ပါက ကဗျာကို ရွတ်ဆိုလို့လည်း
မကောင်း နားထောင်လို့လည်း မကောင်း
ပေ။ ဥပမာ လက်ဝဲသုန္ဒရ အမတ်ကြီး၏
" မဲဇာတောင်ခြေ '' ချီ ပိုဒ်စုံရတုကို ကြည့်ပါ။ မဲဇာတောင်ခြေ *
စီးတွေတွေ*တည့်
မြစ်ရေ*ဝန်းလည်*်
မြိုင်တောဆီ*က
ရွှေပြည်*ကိုသာ
တရှာတော့မိ
ဤတွင် ကာရန်ကို ၄ ၃ ၂ ဟု
သတ်စေ့နှက်သုံးချက်ညီ ယူထားသည်။
ခြေ တွေ ရေ ဟု ဖြစ်သည်။ သို့သော်
လည်း ဒုတိယ ပါဒမှ နောက်ဆုံးစကား
လုံး ''တည့်'' သည် အလွန်အရေးပါ
သော လဟုသံ ဖြစ်သည်။ ယင်းသည်
ကာရန် ယူရာတွင် လုံးဝပတ်သက်မှု မရှိ
သော စကားလုံးဖြစ်သည်။
ထိုရတု ကို ရွတ်ဆိုရာတွင်
''မဲဇာတောင်ခြေ ''ပါဒမှ ''ခြေ" ကို အသံ
အရှည်ဆုံး ဆွဲဆိုရသည်။ ဒုတိယပါဒ မှ
''တွေ'' နှစ်လုံး စလုံးကို အသံ အလည်
အလတ် ဆွဲဆိုရသည်။ ယင်း''တွေ တွေ''
မှ ရှေ့ "တွေ'' သည် ဂရု ခံထားခြင်းသာ
ဖြစ်ပြီး နောက် ''တွေ'' ကသာ ကာရန်
ချိတ်ဆက် ထားခြင်း ဖြစ်သည်။ထို ''တွေ'' နှစ်လုံးကို သံလတ် ဆွဲဆိုပြီး
''တည့်'' ဟူ၍ သံပြတ် သံတို လဟု ချ
ထားလေသည်။ ဤသို့ ဂရု နှင့် လဟု
တလှည့်စီ ထားရေးဖွဲ့ပါက ရွတ်ဖတ်၍